မြန်မာ့သြဘာလုပ်ငန်းစုသည် ပြောင်းလဲမှုတစ်ခုကို အားလုံးနှင့်အတူအကွ ဖော်ဆောင်လျက်ရှိပါသည်။
ထိုသို့ပျက်စီးဆုံးရှုံးမှုဒဏ်ကို ရင်ဆိုင်နေကြရသော မိသားစုများကို စာနာသောအားဖြင့် ရေရှည်ကာလအတွက် လိုအပ်ချက်ဖြစ်လာမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် Myanma Awba Group မှ အားဖြည့် ပါဝင်ကူညီသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာ့သြဘာလုပ်ငန်းစုမှ စေတနာရှင်ဝန်ထမ်းများအားလုံးနှင့် ဒေသအသီးသီးရှိ အရောင်းကိုယ်စားလှယ်တော်ကြီးများ စုပေါင်းကာ စတင်ထည့်ဝင်ကူညီမည့် လှူဒါန်းငွေများနှင့်အတူ မြန်မာ့သြဘာလုပ်ငန်းစုမှ ကနဦး မ,တည်လှူဒါန်းငွေ ( ၄ ) ဘီလီယံ ကျပ် ဖြင့် စတင်လှူဒါန်းမည်ဖြစ်ပါသည်။
မြန်မာ့ဩဘာ လုပ်ငန်းစု အနေဖြင့် ယခု ကနဦး မ,တည်လှူဒါန်းငွေ ( ၄ ) ဘီလီယံ ကျပ်ကို ၂၀၂၅ - ၂၆ ခုနှစ်အတွက် ကူညီပံ့ပိုးပေးရန် လျာထားမည်ဖြစ်ပြီး
ပြန်လည်ထူထောင်ရေးကာလ ( ၃ ) နှစ်မှ ( ၅ ) နှစ်အတွင်း နှစ်စဉ် ရန်ပုံငွေ တည်ထောင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ငွေကြေးပမာဏဖြင့် အိမ်၊ ကျေစုဆောင်းရရှိသော ာင်း၊ ဆေးခန်းများ ပြန်လည်တည်ဆောက်ရေးနှင့် သောက်သုံးရေရရှိရေး တို့ကို အဓိကထား၍ ရပ်ရွာလူထုများအား ပံ့ပိုးကူညီရန် ရည်ရွယ်ပါသည်။
မြန်မာ့သြဘာလုပ်ငန်းစုသည် လိုအပ်ချက်များကို အကဲဖြတ်ရန်နှင့် ထိခိုက်ခံစားရသူများ အကျိုးရှိစေရန် ရပ်ရွာလူထုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ့သြဘာလုပ်ငန်းစုအနေဖြင့် ဒေသခံ ထောက်ပံ့ပေးနိုင်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် ပစ္စည်းကိရိယာများအား ဒေသတွင်းရရှိရန်နှင့် မျှော်မှန်းထားသည့် အပြုသဘောဆောင်သော သက်ရောက်မှုများ ရရှိစေရန် သေချာစွာ ဆောင်ရွက်သွားမည်ဖြစ်သည်။
တန်ဖိုးသင့်အိမ်ရာများ
အိမ်ရာဆုံးရှုံးခဲ့ရသူများအတွက် ရေရှည်တည်တံ့သော နေအိမ်များ တည်ဆောက်နိုင်ရန် ဒေသခံ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
ဆေးရုံဆေးပေးခန်းများ
ထိခိုက်ခံစားရသူများ ကျန်းမာရေး ဝန်ဆောင်မှုများကို ပြန်လည်ရရှိစေရန် ဆေးခန်းများ ပြန်လည် တည်ဆောက်ပေးသွားမည် ဖြစ်သည်။
စာသင်ကျောင်းများ
မြန်မာနိုင်ငံရှိကလေးငယ်များ အနာဂတ်အတွက် လိုအပ်သော အရည်အချင်းများ ဖွံ့ဖြိုးစေရန် ကျောင်းများ ပြန်လည် တည်ဆောက်ရေးတွင် ပါဝင်ကူညီသွားမည်ဖြစ်သည်။
ကျေးရွာချင်းဆက်လမ်း တံတားများ
ကျေးရွာများအကြား ဆက်သွယ်ရေး လမ်းတံတားများ ပြန်လည်တည်ဆောက်ခြင်း
သောက်သုံးရေရရှိရေး
မြန်မာ့သြဘာလုပ်ငန်းစု၏ စီမံကိန်းများ အကောင်အထည်ဖော်ရာ နေရာများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန်ကို သေချာစွာ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အားလုံးအတူတကွဆောင်ရွက်ခြင်းဖြင့် ပြောင်းလဲမှုတစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
မြန်မာ့သြဘာလုပ်ငန်းစု၏ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဤလှုပ်ရှားမှု (campaign) ကို စနစ်တကျ စီမံဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာ့သြဘာလုပ်ငန်းစုသည် ပါဝင်လှူဒါန်းသူများ၏ ယုံကြည်မှုနှင့် ထောက်ခံမှုကို အထူးတန်ဖိုးထားသောကြောင့် လှုပ်ရှားမှု (campaign) ၏ အခြေအနေများကို ပုံမှန် မျှဝေသွားမည် ဖြစ်သည်။