Awba Group CARE restores Tadaoo Monastic Building, Length 40’ x Width 35’, Two storey building , San Pya Village, Sint Gine Township, Kyaukse District, Manadalay.
Monasteries hold a special place in the heart of communities as centers of faith, culture, and compassion. They provide spiritual guidance, preserve heritage, and bring people together in times of both celebration and hardship. Supporting the rebuilding of monasteries helps restore these spaces, ensuring they continue to inspire hope, unity, and strength for generations to come.

မြန်မာ့ဩဘာလုပ်ငန်းစု (Awba Group CARE) မှ တံတားဦးဘုန်းတော်ကြီးကျောင်း၊ စံပြကျေးရွာ၊ စဥ့်ကူးမြို့နယ်၊ ကျောက်ဆည်ခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် အလျား ၄၀ ပေ × အနံ ၃၅ ပေရှိသော နှစ်ထပ်ကျောင်းဆောင်အား ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
ဘုန်းကြီးကျောင်းများသည် လူမှုအသိုင်းအဝိုင်းများ၏ နှလုံးသားထဲတွင် ယုံကြည်ကိုးကွယ်မှု၊ ယဉ်ကျေးမှုနှင့် ကရုဏာတရားတို့၏ ဗဟိုချက်အဖြစ် အရေးပါသောနေရာတစ်ခု ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းများသည် ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုများ ပေးအပ်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပျော်ရွှင်ဖွယ်အချိန်များသာမက သဘာဝဘေးအခက်အခဲများ ကြုံတွေ့ရသည့်အချိန်များတွင်လည်း ပြန်လည်စုစည်းပေးနိုင်သော နေရာများ ဖြစ်ကြသည်။
ဘုန်းကြီးကျောင်းများကို ပြန်လည်တည်ဆောက်ထူထောင်ခြင်းဖြင့် သာသနိကအဆောက်အအုံများကို ပြန်လည်အသက်ဝင်စေရုံသာမက မျှော်လင့်ချက်၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ခိုင်မှုတို့ကို မျိုးဆက်ပေါင်းများစွာအတွက် ဆက်လက် ပေးစွမ်းနိုင်ရန် အထောက်အကူပြုလျက် ရှိပါသည်။