Through Awba Group CARE, a one‑storeyed, five‑room SCC building (50' x 15' x 8') is being constructed at Mandalay University to provide a safe and secure shelter for university students and community. Ensuring access to safe learning and living spaces is essential for supporting continuity to students and teachers in higher education.
Strong, well-built infrastructure not only protects but also empowers students to continue their academic journey with confidence. This initiative reflects a commitment to creating a safer, more supportive environment where students can focus on their future and contribute to rebuilding stronger communities.

မြန်မာ့ဩဘာလုပ်ငန်းစု (Awba Group CARE) မှတစ်ဆင့် မန္တလေးတက္ကသိုလ်အတွင်း တစ်ထပ် ၅ခန်းပါ SCC အဆောက်အအုံ (50' x 15' x 8') ကို ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ရပ်ဝန်းအတွင်း ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် တည်ဆောက်လှူဒါန်းပေးလျက်ရှိပါသည်။ ဘေးကင်းလုံခြုံသည့် သင်ကြားရေးနှင့် နေထိုင်ရေးသည် အဆင့်မြင့်ပညာရေးမှ ကျောင်းသားများနှင့် ဆရာ/ဆရာမများအား ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် မဖြစ်မနေလိုအပ်ပါသည်။
ခိုင်မာသော အဆောက်အအုံများသည် နေထိုင်ရာကာကွယ်ရုံသာမက ကျောင်းသားများအား ယုံကြည်မှုဖြင့် ပညာရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန် အားပေးကူညီပါသည်။ ဤလုပ်ဆောင်မှုသည် ပိုမိုဘေးကင်းလုံခြုံ၍ ပံ့ပိုးကူညီမှုရှိသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်းဖြင့် လူငယ်များ၏ အနာဂတ်အား တည်ဆောက်ရန်နှင့် ရပ်ရွာကို ပိုမိုခိုင်မာအောင် ပြန်လည်တည်ဆောက်နိုင်ရန် အထောက်အကူပြုပါသည်။