Through Awba Group CARE, the damaged school buildings of Thiri Mingala Monastic Primary School (post-primary level) located in Myin Saing village, Myin Saing village tract, Tada-U Township, Mandalay Region are being reconstructed so that children can continue their education safely and securely. Education restores normalcy and hope, enabling young people to dream again. Stronger, safer classrooms help nurture resilience and brighter futures for affected communities.

မြန်မာ့ဩဘာလုပ်ငန်းစု (Awba Group CARE) မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ မြင်းစိုင်းအုပ်စု၊ မြင်းစိုင်းရွာရှိ သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးမူလွန်ကျောင်း အတွက် ထိခိုက်သွားသော စာသင်ကျောင်းဆောင်များအား ကလေးများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ပြန်လည်တည်ဆောက်ပေးလျက်ရှိပါသည်။
ပညာရေးသည် လူငယ်များအား မျှော်လင့်ချက်များကို ပြန်လည်ရရှိစေပြီး အနာဂတ်အတွက် အိပ်မက်များကို ပြန်လည်အကောင်အထည်ဖော်နိုင်စေပါသည်။ ခိုင်မာပြီး ပိုမိုဘေးကင်းလုံခြုံသည့် စာသင်ဆောင်များသည် ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရပ်ရွာလူထုအတွက် ပိုမိုတောက်ပသော အနာဂတ်ကို ပျိုးထောင်ပေးနိုင်ရန် အထောက်အကူဖြစ်စေပါသည်။