Awba Group CARE: Rebuilding Communities, Restoring Hope

(English Version) 

Awba Group CARE: Rebuilding Communities, Restoring Hope 

This documentary highlights the journey of Awba Group CARE, a long-term recovery initiative launched by Myanma Awba Group to support communities affected by the Myanmar earthquake of 28 March 2025. Through compassion, collaboration, and sustainable rebuilding efforts, the program is helping restore sustainable energy, schools, clean water access and essential community infrastructure. 

Backed by an initial commitment of MMK 4 billion and a 3 to 5-year recovery vision, Awba Group CARE is working alongside local communities to rebuild lives, strengthen resilience, and create a brighter future for generations to come.

 Watch the documentary to learn more about the impact of AWBA Group CARE and its ongoing commitment to community recovery and development.

 

Learn more: https://care.awba-group.com/en 

 

(Myanmar Version) 

Awba Group CARE: လူမှုအသိုက်အဝန်းများ ပြန်လည်တည်ဆောက်ခြင်း၊ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်စေခြင်း 

ဤမှတ်တမ်းရုပ်ရှင်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ ငလျင်ဒဏ်သင့် လူမှုအသိုက်အဝန်းများအား ကူညီထောက်ပံ့ရန် မြန်မာ့ဩဘာလုပ်ငန်းစု (Myanma Awba Group) မှ စတင်အကောင်အထည်ဖော်ခဲ့သော ရေရှည်ပြန်လည်ထူထောင်ရေးအစီအစဉ်တစ်ခုဖြစ်သည့် Awba Group CARE ၏ ခရီးစဉ်ကို ဖော်ပြထားပါသည်။ အဆိုပါအစီအစဉ်သည် ကရုဏာ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများမှတစ်ဆင့် တည်မြဲစွမ်းအင်၊ စာသင်ကျောင်းများ၊ သန့်ရှင်းသောရေရရှိရေး နှင့် အခြေခံလူမှုအသိုက်အဝန်းအဆောက်အအုံများကို ပြန်လည်ထူထောင်ပေးကာ လူမှုအသိုက်အဝန်းများအား ပြန်လည်ရှင်သန်စေရန် ကူညီလျက်ရှိပါသည်။ 

ကနဦးထောက်ပံ့ငွေ ကျပ် ၄ ဘီလီယံ နှင့် ၃ နှစ်မှ ၅ နှစ်အထိ ရည်မှန်းထားသော ပြန်လည်ထူထောင်ရေးအစီအစဉ်ဖြင့် Awba Group CARE သည် ဒေသခံပြည်သူများနှင့် လက်တွဲဆောင်ရွက်ကာ လူမှုဘဝများကို ပြန်လည်တည်ဆောက်ပေးခြင်း၊ ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးခြင်းနှင့် မျိုးဆက်သစ်များအတွက် ပိုမိုတောက်ပသော အနာဂတ်တစ်ခု ဖန်တီးပေးရန် ကြိုးပမ်းလျက်ရှိပါသည်။ 

AWBA Group CARE ၏ အကျိုးသက်ရောက်မှုများနှင့် လူမှုအသိုက်အဝန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ဆက်လက်ထားရှိသည့် ကတိကဝတ်များကို ပိုမိုသိရှိနိုင်ရန် ဤမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုလိုက်ပါ။